Showing posts with label from fwd:. Show all posts
Showing posts with label from fwd:. Show all posts

Thursday, December 10, 2009

words

The most selfish one-letter world is' I' . Avoid it.

အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ `ငါ´ ပါ။
အဲဒါကို ရှောင်ကျဉ်ပါ ... တဲ့။

ဒီစာကြောင်းလေးကို ဖတ်လိုက်ရတော့ လူလောကထဲက နေရာတကာမှာ ငါတကောကောနေကြတဲ့
လူတစ်ချို့ရဲ့မြင်ကွင်းတွေဟာ ကျွန်တော့်ရဲ့ အတွေးတွေထဲမှာ
ဝိုးတ၀ါးပေါ်လာပါတယ်။ အဲဒါငါလုပ်လိုက် တာလေ။ ငါမရှိရင်တော့
မင်းတို့တွေအားလုံးဒုက္ခရောက်ကုန်ကြတော့မှာပဲ။ ငါပါလို့ပေါ့ကွာ ငါသာမပါရင်
မင်းတို့အသင်းရှုံးပြီ။ ငါသာမကူညီရင်တော့ မင်းမလွယ်ဘူးနော် ... စတဲ့ ...
စတဲ့ တစ်ငါတည်း ငါနေကြ တဲ့ စကားလုံးတွေဟာ လောကကြီးထဲမှာ
မကြားချင်လည်းကြားနေကြရမယ့်စကားလုံးတွေပါ။ ဒီလိုစကားမျိုး
တွေကိုပြောနိုင်ကြတဲ့သူတွေဟာ အတိုင်းအတာတစ်ခုအထိ
တော်ကြတဲ့သူတွေများပါတယ်။ ဒါပေမယ့် မိမိကိုယ်ကိုယုံကြည်မှု၊ သူတပါးအပေါ်
အထင်အမြင်သေးမှုတွေလွန်ကဲနေတတ်ကြတဲ့ အဲဒီ့လိုလူမျိုးတွေဟာ
တစ်နေ့နေ့တစ်ချိန်ချိန်မှာ တကိုယ်ကောင်းဆန်ခဲ့ခြင်း၊
မာနတက်ခဲ့ခြင်းတို့ရဲ့ နောက်ဆက်တွဲရလဒ်တွေကို မရှုမလှခံရတတ်ပါတယ်။
လောကကြီးရဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုတဲ့သဘောတရားကို
နားမလည်ကြရှာတဲ့ သူတို့တွေဟာ တခါတခါ
လောကဓံတရားဆိုတာကြီးကိုမေ့လျော့နေတတ်ကြတဲ့အတွက်
တကယ်တမ်းကြီးမားပြင်းထန်တဲ့ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရပြီး
ကိုယ့်အနားမှာတစ်ယောက်မှ မရှိတော့တဲ့အခါမှ
နောင်တတွေရနေမိတဲ့အဖြစ်မျိုးတွေကြုံလာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ
ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် တကယ်ပဲ
အောင်အောင်မြင်မြင်နဲ့အဆုံးသတ်နိုင်ခဲ့ပြီဆိုရင် ဒီကိစ္စဟာ
ငါတစ်ယောက်တည်းကြောင့် အောင်မြင်ခဲ့တာလားဆိုတာကို
အမြဲတမ်းပြန်သုံးသပ်ကြည့်သင့်တယ်။ ဘုရားတောင်မှ အမှီရှိမှ
ပွင့်တယ်ဆိုတဲ့စကားကို အားလုံးကြားဖူးကြမှာပါ။
ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေသမျှသူအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့
ကိုယ့်ကိုပါရမီဖြည့်နေကြတာပဲဆိုတဲ့ သဘောတရားကိုသာနားလည်ထားမယ် ဆိုရင်
လောကမှာ ငါတကောကောစရာကိစ္စဆိုတာဘာမှမရှိတော့ပါဘူး။ အဲဒါကြောင့်
ကျွန်တော်တို့အနေနဲ့ နေရာတကာမှာ `ငါကွ´ `ငါကွ´
လို့အော်ပြီးအလှူ့ရှင့်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြတဲ့ အပြုအမူမျိုးကို
သတိထားပြီး ရှောင်ကျဉ်သင့်ပါတယ်။

The most satisfying two-letter world is' We ' . Use it.

အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ `ငါတို့´
ပါ။ အဲဒါကို အသုံးပြုပါ တဲ့။

ခုဏကစကားနဲ့ဆန့်ကျင်ဘက်ပါ။ အချို့နေရာတွေမှာ `ငါ´
ဆိုတဲ့စကားလုံးကိုသုံးတာထက် `ငါတို့´ ဆိုတဲ့စကားလုံးကိုသုံးလိုက်ခြင်းက
အားလုံးအတွက်ပိုပြီး ကျေနပ်အားရစရာကောင်းပါ လိမ့်မယ်။ ကိစ္စရပ်တစ်ခုကို
ချောချောမောမောနဲ့ အဆုံးသတ်နိုင်လိုက်ပြီဆိုရင် ငါလုပ်လိုက်လို့ပြီး
သွားတာပါလို့ ပြောမယ့်အစား ငါတို့အားလုံးဝိုင်းလုပ်ကြလို့အခုလို
အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွား တာမဟုတ်လားလို့ ပြောနိုင်ဖို့ဆိုတာ
အထက်မှာဖော်ပြခဲ့သလို စိတ်ကြီးဝင်နေသူတွေအဖို့ကတော့ တကယ့်ကိုမလွယ်ပါဘူး။
မိမိရဲ့လုပ်ဖော်ကိုင်ဘက်တွေကို လေးစားတဲ့၊ မိမိနဲ့ဆက်နွယ်ပတ်သက် နေသမျှ
လူအားလုံးရဲ့ မိမိအပေါ် အထောက်အပံ့ပေးမှုတွေကို အသိအမှတ်ပြုတတ်တဲ့၊
စည်းလုံး ညီညွတ်မှုနဲ့ ပေါင်းစည်းခြင်းရဲ့အင်အား
ကိုနားလည်တတ်တဲ့စိတ်ဓါတ်ပြည့်ဝသူတို့မှသာ ဒီစကားမျိုးကို
ရင်ထဲကနေပြောထွက်နိုင်မှာပါ။ လောကမှာ တစ်ယောက်တည်းလုပ်လို့မရတဲ့ ကိစ္စတွေ
အများကြီးရှိပါတယ်။ ဘယ်လောက်ပဲထူးချွန်ထက်မြက်တဲ့သူ ဖြစ်ဖြစ်
သူ့မှာနောက်လိုက်ကောင်းတွေနဲ့ အဆွေခင်ပွန်းကောင်းတွေမရှိရင် အဲဒီ့သူဟာ
ထင်ထားသလောက် မအောင်မြင်နိုင်ပါဘူး။ ပုရွက်ဆိတ် တစ်ကောင်က
ထမင်းလုံးတစ်လုံးကိုမသယ်နိုင်ပေမယ့် ပုရွက်ဆိတ်အုတ်ကြီးကြောင့်
ထမင်းစိတွေ ပျောက်ပျောက်သွားတတ်တာကို ကျွန်တော်တို့ သတိ ပြုသင့်ပါတယ်။
အဲဒီ့တော့ ကျွန်တော်တို့တွေ အောင်မြင်မှုတစ်ခုအတွက် `ငါ´ဆိုတဲ့စကားလုံး
ကို သုံးတော့မယ်လို့စဉ်းစားတိုင်း အဲဒီ့အောင်မြင်မှုမှာ ဘယ်သူတွေကဘယ်လို
ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကို သေသေချာချာသုံးသပ်ပြီး `ငါတို့´
ဆိုတဲ့စကားလုံးလေးအဖြစ် ပြောင်းလဲသုံးစွဲနိုင်ဖို့ကြိုးစားသင့်ပါတယ်။

The most poisonous three-letter world is' Ego ' . Kill it.

အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။
အဲဒါကို သတ်ပစ်ပါ။

ပုထုဇဉ်တွေဖြစ်ကြတဲ့ ကျွန်တော်တို့လူသားတွေတိုင်းမှာ
အတ္တမကင်းနိုင်ကြဘူးဆိုတာသေချာ ပါတယ်။ ဒါပေမယ့် ... နေရာတကာမှာ
အတ္တစိတ်ကိုရှေ့တန်းတင်ပြီး ပြောဆိုဆောင်ရွက်နေမယ် ဆိုရင် တော့ အဲဒီ့
အတ္တစိတ်ဟာ အဆိပ်အတောက်အဖြစ်အသွင်ပြောင်းသွားပြီး ကိုယ့်ကို အကြီးမားဆုံး
ဒုက္ခတွေ ပြန်ပေးတတ်ပါတယ်။အတ္တစိတ်ဟာ လိုတာထက်ပိုပြီးလွန်ကဲလာပြီဆိုရင်
အဲဒီ့လူအနေနဲ့ ဘယ်လိုကောင်းမွန်

တဲ့အလုပ်ကိုမှ လုပ်လို့ရတော့မှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင်
လူတစ်ယောက်မှာ ငွေတစ်သောင်း ရှိတယ်ဆိုပါစို့ ...။ သူဟာ
တစ်နေ့တာအတွက်လိုလေသေးမရှိအောင် စားသောက်သုံးစွဲပြီးတဲ့နောက် သူ့ လက်ထဲ
ငွေတစ်ထောင်ပိုနေတဲ့အချိန်မှာ တစ်နေ့လုံး ထမင်းတနပ်မှမစားရသေးတဲ့
ချို့တဲ့ နွမ်းပါးသူ တစ်ယောက်နဲ့ဆုံပြီဆိုရင် ... သူဘာလုပ်မလဲ။
အတ္တသိပ်မကြီးတဲ့သူဆိုရင်တော့ ကိုယ်လဲစိတ်ကြိုက် သုံးစွဲ ပြီးပြီပဲဆိုပြီး
ကျန်တဲ့ငွေ ကို အဲဒီ့လူထမင်းစားဖို့အတွက် ပေးလိုက်မိမှာပါပဲ။
အတ္တကြီးလွန်းသူဆိုရင်တော့ အဲဒီ့မြင်ကွင်းကို
မသိချင်ယောင်ဆောင်လှည့်ထွက်ပြီး အဲဒီ့ကျန်တဲ့ငွေကို သူ့ရဲ့
သိပ်အရေးမကြီးလှတဲ့ အသေးအဖွဲ ဆန္ဒလေးနောက်တစ်ခုအတွက်
ထပ်မံသုံးစွဲပစ်လိုက်မှာပါပဲ။ လောကထဲမှာ လူအချို့ရဲ့ ဆန္ဒအပိုတွေ အတွက်နဲ့
အချို့သူတွေထမင်းငတ်နေကြရတဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေ အများကြီးပါ။
အတ္တသမား အများစုဟာ လောကထဲကို ရယူပိုင်ဆိုင်ခြင်းတွေသက်သက်အတွက်ပဲ
မွေးဖွားလာတာ ဖြစ်တယ်လို့ သူတို့ကိုယ်သူတို့ ခံယူထားတတ်ကြပါတယ်။ ဒါပေမယ့်
... ရုပ်ဝတ္ထုပစ္စည်းတွေပိုင်ဆိုင်မှုနဲ့
အဆုံးမရှိတဲ့စိတ်ဆန္ဒတွေပြည့်ဝနေမှုဟာ အမှန်တကယ်မွန်မြတ်ပြီး ၊ အမှန်တကယ်
ကိုယ်ပိုင်ဆိုင် လိုက်နိုင်တဲ့ အရာတွေမဟုတ်ဘူးဆိုတာကို မသိကြရှာပါဘူး။
တကယ်တမ်းကျတော့လည်း အတ္တဆိုတာ လောကီသားတွေအတွက်တော့ ချိုမြိန်တဲ့
အဆိပ်ရည်တွေပါပဲ။ အလွန်အကျွံ မသောက်ဖြစ်အောင် တောင့်ခံကြရင်း
တတ်စွမ်းသ၍ပယ်သတ်ပစ်နိုင်ဖို့ကြိုးစားကြတာပေါ့ဗျာ။

The most used four-letter world is' Love ' . Value it.

အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာ´ ပါ။
အဲဒါကို တန်ဖိုးထားပါ။

ချစ်တယ်၊ ချစ်တယ်ဆိုတဲ့စကားဟာ လောကထဲမှာ လူသုံးအများဆုံးဆိုတာကို
အားလုံးသဘောတူ ကြမယ်ထင်ပါတယ်။ ဒါပေမယ့် မေတ္တာတရားတွေစိမ့်ဝင်နေတဲ့
အချစ်ကိုတော့ အဲဒီ့ချစ်တယ်ဆိုတဲ့စကားလုံး
တိုင်းကိုယ်စားပြုနိုင်မယ်မထင်ပါဘူး။ အလိုရမ္မက်သက်သက်တွေကို
အချစ်လို့နာမည်တပ်လို့မရနိုင်ပေမယ့် လောကထဲက ချစ်ခြင်းများစွာမှာတော့
အလိုရမ္မက်တွေရဲ့အတိုင်းအတာက ကိုယ်စီကိုယ်ငှပါဝင်နေတတ်ကြ ပါတယ်။
အခုအချိန်အထိ ကျွန်တော်တို့တွေအားလုံး
အပြည့်အ၀အဓိပ္ပါယ်မဖွင့်ဆိုနိုင်ကြသေးတာဟာ `ချစ်တယ်´
ဆိုတဲ့စကားတစ်ခွန်းရဲ့နောက်ကွယ်က စိတ်ခံစားမှုအပိုင်းအစတွေကိုပါ။
ဘာပဲပြောပြော နိစ္စဓူဝကြားနေရတဲ့ အချစ်အကြောင်းတွေထဲမှာမေတ္တာတရားလေးပါ
နည်းနည်းလောက်ပေါင်းထည့်ပေးနိုင် ကြရင်ကောင်းမယ်လို့
ကျွန်တော်စဉ်းစားမိပါတယ်။ မေတ္တာဆိုတာ သူ့အကျိုးကိုလိုလားခြင်းပါ။
အဲဒါကြောင့် တကယ်သာ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာအပြင်
မေတ္တာထားကြပြီဆိုရင် ဘ၀လမ်းခရီးတွေ သာယာဖြောင့်ဖြူးလာကြမှာ အမှန်ပါပဲ။
တချို့တွေက ချစ်ခြင်းမေတ္တာကိုတန်ဖိုးမထား တတ်ကြပဲ
စိတ်ဆန္ဒတွေရဲ့မဆုံးနိုင်တဲ့ ၀င်္ကဘာထဲမှာ ၀ဲလှည့်နေတတ်ကြပါတယ်။ နောက်ပြီး
ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားလေးကနေသုံးနှုန်းပြီး
ကာမဂုဏ်အာရုံတွေကြားထဲမှာပဲ ဘ၀ကို အလဟဿ
ဖြုန်းတီးပစ်နေတဲ့သူတွေလည်းရှိပါတယ်။ ကျွန်တော်ကတော့
စစ်မှန်တဲ့မေတ္တာတရားရဲ့ အရိပ်အောက်မှာ တစ်ဦးနဲ့တစ်ဦး
အပြန်အလှန်တန်ဖိုးထားမှုတွေနဲ့ သာယာတဲ့ဘ၀လေးတွေကို ထူထောင်
နိုင်ကြစေချင်ပါတယ်။

The most pleasing five-letter world is' Smile ' . Keep it.

အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ `အပြုံး´ ပါ။
အဲဒါကို ဆောင်ထားပါ တဲ့။

အရမ်းစိတ်ညစ်နေတဲ့အခါမျိုး၊ အရမ်းစိတ်ဓါတ်ကျနေတဲ့အခါမျိုး၊
အရမ်းအားငယ်နေတဲ့အခါမျိုးတွေ မှာ တစ်ယောက်ယောက်ကနေကိုယ့်ကို
ရင်ထဲကနေပေါက်ဖွားလာတဲ့ အားပေးအပြုံးလေးတစ်ခုများပေး လိုက်ပြီဆိုရင်
စိတ်ထဲမှာ ဘယ်လောက်အထိကြည်နူးသွားတယ်ဆိုတာကို ကြုံဖူးသူတိုင်းသိကြမှာပါ။
အပြုံးတစ်ခုရဲ့ တန်ဖိုးနဲ့သက်ရောက်အားဟာ
တခါတခါမှာအံ့သြစရာကောင်းလောက်အောင်ကို ကြီးမား သွားတတ်ပါတယ်။
ကြားဖူးတဲ့ဖြစ်ရပ်လေးတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်။ မသန်မစွမ်းကလေးငယ်
တွေရဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ ခြေထောက်သိပ်မသန်တဲ့ ကောင်လေးတစ်ယောက်က
ဝင်ပြေးပါတယ်။ ပြေးလမ်းတစ်လျှောက် သူအခါခါလဲကျလို့
ဘေးကနေအော်သံတစ်ခုကိုကြားရတဲ့အခါတိုင်း သူလှမ်းလှမ်း ကြည့်လိုက်ရင်
ပွဲကြည့်စင်ကနေသူ့ကိုပြုံးပြီး `ရောက်တော့မယ်သားရဲ့ ... ပြေးထား ...
ပြေးထား´ လို့ လှမ်းလှမ်းအော်နေတဲ့ သူ့အမေကို အမြဲတွေ့နေရပါတယ်။
သားနဲ့အတူ အမေကလည်း ပွဲကြည့်စင်ပေါ်မှာ ပြေးနေတာလေ။ အဲဒီ့ကောင်လေးဟာ
ဆုတံဆိပ်တွေမရခဲ့ပေမယ့် ပန်းဝင်အောင်ပြေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ...
အသက်အရွယ်ကြီးလာလို့ အောင်မြင်တဲ့စီးပွားရေးသမားကြီးတစ်ယောက်ဖြစ်နေတဲ့
ခြေထောက်မသန်တဲ့သူ့ကိုမေးကြည့်တော့ ...။ `ကျွန်တော်
အခက်အခဲတွေကိုရင်ဆိုင်ရတဲ့အခါတိုင်း ငယ်ငယ်တုန်းကပြေးပွဲကလေးမှာ
ပွဲကြည့်စင်တလျှောက် ကျွန်တော့်ကိုလိုက်အားပေးနေတဲ့ မေမေ့ရဲ့
အပြုံးမျက်နှာကို အမြဲတမ်းပြန်မြင်ယောင်နေတတ်တယ်။
မေမေ့ရဲ့အဲဒီ့အပြုံးကြောင့်ပဲ ကျွန်တော်ဒီဘ၀ကို ရောက်လာတာပေါဗျာ´ တဲ့။
လူတစ်ယောက် တစ်ခါတွေ့လိုက်တာနဲ့ တစ်သက်လုံးစွဲသွားစေမယ့် အပြုံးမျိုး
ကိုပြုံးနိုင်ဖို့ဆိုတာ တကယ်တော့မလွယ်လှပါဘူး။ အဲဒီ့အပြုံးဟာ
အသန့်စင်ဆုံးဖြစ်နေရမယ့်အပြင် စေတနာတွေ၊ မေတ္တာတွေ၊ အကြင်နာတွေနဲ့
စာနာနားလည်မှုတွေလည်း သူ့အချိုးအဆနဲ့သူပါနေဖို့လိုပါ တယ်။ ကျွန်တော်တို့
လူတိုင်းကို အဲဒီ့လိုအပြုံးမျိုးနဲ့
ပြုံးပြနိုင်ဖို့လေ့ကျင့်ကြည့်ရအောင်လေ။

The fastest spreading six-letter world is' Rumor ' . Ignore it.

အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့
`ကောလဟာလ´ ပါ။ အဲဒါကို လျစ်လျှူရှုပါ တဲ့။

ပန်းသတင်းလေညင်းဆောင်၊ လူသတင်းလူခြင်းဆောင်ဆိုတဲ့စကားရှိပါတယ်။
ကျွန်တော်တို့ စဉ်းစားရမှာက ပန်းရဲ့မွှေးပျံ့တဲ့ရနံ့ကိုသယ်ဆောင်ပေးမယ့်
လေညင်းဟာ သူကိုယ်တိုင်သန့်ရှင်းစင်ကြယ် နေဖို့လိုပါတယ်။
အဲဒီ့လိုမှမဟုတ်ပဲ အဲဒီ့လေညင်းမှာ
အစကတည်းကအနံ့ဆိုးတစ်ခုခုများပါနေခဲ့ပြီဆိုရင် ပန်းရဲ့မွှေးပျံ့မှုသတင်းကို
သူအမှန်အတိုင်းသယ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ လူသတင်း
လူခြင်းဆောင်ကြတယ်ဆိုတဲ့နေရာမှာလည်း ယူဆောင်သွားတဲ့သူရဲ့ စိတ်အခြေအနေ
အဆိုးအကောင်း၊ အတိမ်းအစောင်းတွေက အဲဒီ့သတင်းတွေအပေါ်ကို အများကြီး
အကျိုးသက်ရောက်သွားတတ်ပါတယ်။ စကားတစ်ခုကို ဒီကနေဟို၊ ဟိုကနေဒီ
ပို့တဲ့အခါမှာကိုယ့်ရဲ့ခံစားချက်တွေ၊ ထင်မြင်ချက်တွေကိုပါ
ထပ်ပေါင်းထည့်တတ်ကြတာ လူတွေရဲ့သဘာဝပါ။ ဒီလိုနဲ့ပဲ
ကောလဟာလဆိုတာတွေဖြစ်လာတယ် လို့ကျွန်တော်တော့ထင်ပါတယ်။
ပါးစပ်တွေကလည်းပြောနေကြသလို၊ နားတွေကလည်းကြားနေကြရလေ တော့
အမြန်ဆုံးအလျင်နဲ့ ပျံ့နှံ့နေတတ်တဲ့ အဲဒီ့ကောလဟာလ
ဆိုတာတွေကိုကျွန်တော်တို့အနေနဲ့ တားဆီးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
အဲဒီ့တော့ ဘယ်လိုလုပ်ကြမလဲ၊ ကိုယ့်အကြောင်း မကောင်းသတင်း
တစ်ခုခုများကြားရပြီဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပြီး
အဲဒီ့ဝေဖန်သံတွေထဲက ပိုနေတာတွေ အားလုံးကို
လျစ်လျှူရှုပစ်နိုင်ဖို့ကြိုးစားရပါလိမ့်မယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားနဲ့
ကိုယ်ရဲ့ ဂုဏ်သိက္ခာကို ကိုကိုယ်တိုင်အပြည့်အ၀ယုံကြည်နေမယ်ဆိုရင် ဘယ်လို
ကောလဟာလမျိုးကိုမှ ကျွန်တော်တို့ မှုစရာလိုမယ် မထင်ပါဘူး။

The hardest working seven-letter world is' Success' . Achieve it.

အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး
အပြင်းထန်ဆုံးကြိုးစားရယူရတဲ့စကားလုံးကတော့ `အောင်မြင်မှု´ ပါ။ အဲဒါကို
အရယူပါ တဲ့။

Give and take ဆိုတဲ့လောကရဲ့ အပေးအယူသဘောတရားတွေဟာ
ဘယ်သူမှလွန်ဆန်လို့မရနိုင် တဲ့ နိယာမတွေပါ။ ကိုယ်ပေးလိုက်ရတာနဲ့
ပြန်ရလိုက်တာတို့ရဲ့ အချိုးအစားညီမျှမှု၊ မညီမျှမှုကတော့ ကံတရားနဲ့
ဥာဏ်ရည်တို့အပေါ်မှာ မူတည်လေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဥာဏ်နဲ့ယှဉ်တဲ့
ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုတို့ရဲ့နောက်မှာ
ထိုက်တန်တဲ့အောင်မြင်မှုဆိုတာဟာ အနှေးနဲ့အမြန်ကပ်ပါလာတတ် ပါတယ်။
ပန်းတိုင်တစ်ခုကိုရောက်ဖို့ ကျွန်တော်တို့တွေ ကြမ်းတမ်းတဲ့လမ်းမှာ
တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လျှောက်ရတာမျိုးတွေရှိပါတယ်။
ရည်မှန်းချက်တွေပြည့်ဝဖို့ ခံစားချက်တွေနဲ့ စိတ်ဆန္ဒအချို့ကို
ဘေးခဏပို့ထားပြီး ခြောက်သွေ့တိတ်ဆိတ်တဲ့ခရီးကို တစ်ယောက်တည်းစီးဆင်းရတာ
မျိုးတွေလည်းရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ... အရင်းနှီးတိုင်းဟာ
အရှုံးအတွက်ဖြစ်လာကြတာ မဟုတ်ပါဘူး။ အောင်မြင်မှုဟာ ကျွန်တော်တို့နဲ့
အတော်လှမ်းချင်လှမ်းနေလိမ့်မယ်။ ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့
လက်တကမ်းကိုရောက်လာရမှာပါပဲ။ ကျွန်တော်တို့မျှော်ရည်ရာ
ခရီးဆုံးတစ်ခုစီကို ရောက်ဖို့ အပြင်းအထန်ကြိုးစားကြမယ်။ ပြီးရင် ...
အဲဒီ့အောင်မြင်မှုဆိုတာကြီးကို အတူတူအရယူကြမယ်။

The most troublesome eight-letter world is ' Jealousy'. Distance it.

အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့
`မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။

မနာလိုဝန်တိုမှုဆိုတာ တကယ်တမ်းကျတော့
ကိုယ့်ဒုက္ခကိုယ်ရှာချင်ကြတဲ့သူတွေမွေးတတ်ကြတဲ့ စိတ်ထားပါ။
စိတ်ကိုအရမ်းပူလောင်စေပြီး၊ တခါတခါမှာ
မကောင်းမှုတွေကိုပါဖိတ်ခေါ်လာတတ်ပါတယ်။ သူတပါးရဲ့ အောင်မြင်မှု၊
ကျော်ကြားမှု၊ ထင်ပေါ်မှုနဲ့ အရည်အချင်းတွေကို အားကျတယ်၊ အတုယူတယ်
ဆိုတဲ့အဆင့်ထက်ပိုပြီး မနာလိုဝန်တိုမှုဆိုတဲ့ မစ္ဆရိယစိတ်ဝင်လာပြီ ဆိုရင်
အဲဒီ့လူနဲ့ အခြားသူတွေရဲ့ ဆက်ဆံရေးဟာ အဆိုးဘက်ကိုဦးတည်သွားပါပြီ။
မနာလိုမရှုဆိတ်တဲ့စိတ်ရဲ့ ဆန့်ကျင်ဘက်ကတော့ မုဒိတာတရားပါ။
ကျွန်တော်တို့တွေအနေနဲ့ ရိုးသားဖြောင့်မတ်မှု၊ ကြိုးစားအားထုတ်မှု၊
ဇွဲနပဲကြီးမှု၊ ဥာဏ်အမျော်အမြင်ရှိမှုတို့ရဲ့ အကျိုးဆက်တွေကို
ကံကြမ္မာရဲ့အနှောက်အယှက်ကင်းကင်းနဲ့ သူတပါးတွေ ခံစားနေကြရပြီဆိုရင်
အဲဒါကိုမုဒိတာပွားနိုင်ဖို့လိုပါတယ်။ အဲဒီ့လိုမဟုတ်ပဲ ကိုယ်ကသူ့ကို
မနာလိုမရှု့ဆိတ် ဖြစ်မိပြီဆိုတာနဲ့ အဲဒီ့လူရဲ့
အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်းတွေက ကိုယ့်ခေါင်းထဲကို အလိုလို
ရောက်လာတတ်ပါတယ်။ ကိုယ့်ထက်မြင့်သွားမှာကို စိုးရိမ်တဲ့အတွက်
အပင်တိုင်းကို အညွန့်ချိုးပစ်ချင်နေတဲ့ စိတ်ဓါတ်ဟာ ကမ္ဘာလောကအတွက် အလွန်ပဲ
အန္တရယ်ကြီးပါတယ်။ အဲဒီ့တော့ ကိုယ့်ကိုရော သူတပါး
ကိုပါအန္တရာယ်တွေအမျာကြီးပေးနိုင်တဲ့ မစ္ဆရိယစိတ်(မနာလိုဝန်တိုစိတ်) တွေနဲ့
ဝေးသထက်ဝေးဝေးနေ နိုင်အောင် ကျွန်တော်တို့ကြိုးစားကြရပါလိမ့်မယ်။
ကိုယ့်ထက်တော်တဲ့သူတွေကို မော့ကြည့်ပြီး လက်ခုပ်တီးပေးနိုင်ဖို့နဲ့
ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကို ငုံ့ကြည့်ပြီး
လက်ကမ်းဆွဲတင်ပေးနိုင်ဖို့အတွက် မြင့်မြတ်တဲ့စိတ်ထားတွေ
ကျွန်တော်တို့မွေးဖို့လိုလာပြီ။

The most powerful nine-letter world is ' Knowledge'. Acquire it.

အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံးစကားလုံးကတော့
`အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ တဲ့။

လူမှာ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ လေ့လာမှတ်သားနိုင်စွမ်းနဲ့
အသိပညာဗဟုသုတတို့သာမရှိရင် အဲဒီ့လူဟာ တိရစ္ဆာန်နဲ့ ခြားတော့မှာမဟုတ်ပါဘူး။
သိခြင်းနဲ့ မသိခြင်းကို သေးငယ်လှတဲ့စက္ကန့်ပိုင်း ကလေးကသာ
ပိုင်းခြားထားတာဖြစ်ပေမယ့် သိသူနဲ့ မသိသူတို့ရဲ့ ကွာခြားမှုကတော့
မနှိုင်းယှဉ်သာအောင် ကိုများပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြရမယ်ဆိုရင်တော့
အလုပ်အင်တာဗျူးတစ်ခုမှာ နောက်ဆုံးဆန်ခါတင် နှစ်ယောက်ပဲကျန်တော့ပါတယ်။
အဲဒီ့အထဲက တစ်ယောက်တည်းကိုသာရွေးမှာပါ။ ဘယ်သူ့ကိုရွေးရမလဲလို့
ဝေခွဲရခက်နေတဲ့အလုပ်ရှင်က သူတို့နှစ်ယောက်ကို နောက်ဆုံးအနေနဲ့
အလုပ်နဲ့ပတ်သက်တဲ့အရေးအကြီးဆုံး

မေးခွန်းတစ်ခုမေးမယ် ဖြေနိုင်တဲ့သူကို အလုပ်ခန့်မယ်လို့ပြောပါတယ်။
ပြီးတော့ သူမေးခွန်းတစ်ခုတည်းကို တစ်ယောက်ခြင်းစီမေးလိုက်ပါတယ်။
တစ်ယောက်က ဖြေနိုင်လို့အလုပ်ရသွားပြီး ၊ တစ်ယောက်က မဖြေနိုင်တဲ့အတွက်
နောက်လှည့်ပြန်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်လေးကိုကြည့်မယ်ဆိုရင် ပိုသိတဲ့သူက
ပိုသာသွားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် မသိတဲ့သူကလည်းအလုပ်ရှင်က
အဖြေကိုပြောပြ လိုက်တဲ့အတွက် စက္ကန့်ပိုင်းအတွင်းမှာပဲသိသွားပြီဖြစ်ပါတယ်။
သူ့ရဲ့ မသိခြင်းဟာ တစ်စက္ကန့်အတွင်းမှာပဲ
သိခြင်းအဖြစ်ကိုကူးပြောင်းသွားခဲ့ပေမယ့် အခွင့်အရေးတစ်ခုကိုတော့
သူဆုံးရှုံးခဲ့ရပါပြီ။ ဒီသဘောတရားကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ
ငါဘာမှမသိပါလားဆိုပြီး အားငယ်စိတ်ပျက်နေစရာမလိုပေမယ့်
ကိုယ်ရွေးချယ်ထားတဲ့လမ်းကြောင်းနဲ့သက်ဆိုင်တဲ့ အရာအားလုံးကို
တတ်နိုင်သမျှမျက်ခြေမပျက်အောင် အမြဲတမ်း
ကြိုးစားနေရမယ်ဆိုတာကိုတော့နားလည်ရပါတယ်။

The most essential ten-letter world is ' Confidence'. Build it.

အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့
`ယုံကြည်မှု´ ပါ။ အဲဒါကို တည်ဆောက်ယူပါ တဲ့။

ယုံကြည်မှုဆိုတဲ့နေရာမှာ မိမိကိုယ်ကိုယုံကြည်မှုနဲ့
သူတပါးနဲ့မိမိအကြားအပြန်အလှန်ယုံကြည်မှု ဆိုပြီးနှစ်မျိုးရှိပါတယ်။
ကျွန်တော်တို့အနေနဲ့ အဲဒီ့နှစ်မျိုးစလုံးကို အခိုင်မာဆုံးဖြစ်အောင်
တည်ဆောက်ယူ နိုင်ပါမှ အမြင့်မားဆုံးအောင်မြင်မှုတွေကို လက်ဝယ်ခိုင်ခိုင်
ပိုင်ဆိုင်နိုင်မှာပါ။ အဲဒီ့နှစ်ခုကလည်း တစ်ခုနဲ့တစ်ခု
အများကြီးဆက်စပ်မှုရှိနေပါတယ်။ မိမိကိုယ်မိမိ
ယုံကြည်မှုအပြည်အ၀မရှိတဲ့သူတစ်ယောက် ဟာ သူတပါးတွေရဲ့
ယုံကြည်မှုကိုရနိုင်ဖို့ခဲယဉ်းပါတယ်။ အဲဒီ့လိုပဲ
မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေအားလုံးက
မိမိအပေါ်အယုံအကြည်ကင်းမဲ့လာကြပြီဆိုရင်လည်း မိမိကိုယ်မိမိ
ယုံကြည်ထားမှုတွေဟာ တစတစနဲ့ပျက်ယွင်းလာတတ်ပါတယ်။
ယုံကြည်မှုတစ်ခုချို့ယွင်းပျက်စီးသွားပြီဆိုရင် အရင်အတိုင်းဖြစ်အောင်
ပြန်လည်တည်ဆောက်ယူဖို့ဆိုတာဟာ
တော်ရုံတန်ရုံစိတ်အားသတ္တိမျိုးနဲ့မဖြစ်နိုင်ပါဘူး။ ဘယ်လိုဆက်ဆံရေး
မျိုးမှာပဲဖြစ်ဖြစ် မရှိမဖြစ်အလိုအပ်ဆုံးအရာဟာ ယုံကြည်မှုပါ။
တစ်ဦးကိုတစ်ဦးယုံကြည်မှုနဲနဲလေးမှ မရှိဘူး ဆိုရင်
အရှည်သဖြင့်လက်တွဲရှေ့ဆက်ဖို့ဆိုတာမလွယ်ပါဘူး။ အဲဒီ့တော့
ဘယ်နေရာမှာပဲဖြစ်ဖြစ် အရေးအကြီးဆုံးနဲ့ ပထမဦးဆုံးစလုပ်ရမယ့်အလုပ်က
ပြည့်ဝတဲ့အပြန်အလှန်ယုံကြည်မှုတစ်ခုကို အခိုင်မာဆုံး
တည်ဆောက်ယူဖို့ပဲဖြစ်ပါတယ်။ ပြည့်ဝတဲ့ယုံကြည်မှုတိုင်းဟာ ပြတ်သားတဲ့
နှုတ်ထွက်စကားတွေကိုဖြစ်စေ ပါတယ်။ ဗုဒ္ဓမြတ်စွားဘုရားကို
ဥပမာထားပြီးပြောရမယ်ဆိုရင် ဗုဒ္ဓရဲ့တပည့်သာဝကတိုင်းအားလုံးလိုလိုဟာ
ဘယ်သူကပဲဖြစ်ဖြစ် `သင်တို့ရဲ့ဆရာ ဘယ်သူလဲ´ လို့မေးလာတဲ့အခါတိုင်း ...။
`ဂေါတမဘုရားရှင်သည် ငါတို့၏ဆရာဖြစ်သည်´ လို့ဖြေကြမြဲပါ။ ဒါဟာ
ပြည့်စုံကုံလုံတဲ့ ယုံကြည်ခြင်းတစ်ခုကနေတဆင့် စီးဆင်းလာတဲ့
ရင်ထဲကစကားလုံးတွေပါ။ကျွန်တော်တို့တွေအားလုံး သံသယတွေ၊ ဒွိဟတွေ၊
တွေဝေမှုတွေ စတဲ့ စတဲ့ မရေရာမပြတ်သားတဲ့အရာမှန်သမျှကို
ပြည့်ဝတဲ့ယုံကြည်မှုတွေကို တည်ဆောက်ယူကြရင်း ရှင်းလင်းပစ်ကြရအောင်လေ။

သူငယ်ချင်းပို့လိုက်တဲ့ စာကြောင်းလေး ၁၀ကြောင်းကတော့
ဒီမှာပဲပြီးဆုံးသွားပါပြီ။ သူပို့လိုက်တဲ့ မူရင်းစာကြောင်းတွေက
ဘယ်သူတွေရေးထားတယ်ဆိုတာမသိရပါဘူး။ ကျွန်တော်အနေနဲ့ အဓိပ္ပါယ်လေးတွေ
ပိုကောင်းသွားအောင်ဆိုတဲ့စိတ်နဲ့ စကားလုံးနှစ်လုံးကိုတော့
ပြောင်းခဲ့ပါတယ်။ ဒီစာကြောင်းလေးတွေကို ဖတ်ဖူး၊ မြင်ဖူး၊
ကြားဖူးကြသူတွေလည်းအများအပြားရှိကြမှာပါ။ အဲဒါကို
ကျွန်တော်ကဘာ့ကြောင့်များ ဒီလောက်တောင် အကျယ်ချဲ့ပြီး
ထပ်ဆွေးနွေးနေရတာလဲလို့မေးလာရင်တော့ ... ကျွန်တော်စကား တစ်ခွန်းတည်းနဲ့ပဲ
အဖြေပေးခဲ့ပါရစေ။

``စာကြောင်းတစ်ကြောင်းကို ဖတ်လိုက်ရပြီးတာနဲ့ သြော် ... ဒါလား
ဆိုတဲ့အဆင့်မှာတင်ရပ် မထားပဲဆက်တွေးကြဖို့နဲ့
ဖြစ်နိုင်ရင်လက်တွေ့ကျင့်သုံးကြဖို့ အားလုံးကိုတိုက်တွန်းချင်လို့ပါ ´´။

boy & girl

Forward mail ထဲကပါ...

1) Guys may be flirting around all day, but before they go to sleep, they always think about the girl they truly care about.
ယောက်ျားလေးတွေဟာ သူတို့ သဘာဝအတိုင်း တနေ့လုံးနီးပါး စတတ် နောက် တတ်ကြပေမယ့် အိပ်ခါနီးလေးမှာတော့ သူတို့ ဂရုစိုက်တဲ့ (သူတို့ စိတ်ဝင်စားတဲ့ )မိန်းကလေးကိုအကြောင်းကိုတော့ တွေးကြစမြဲပါဘဲ ......

2) Guys are more emotional then you think. If they loved you once, it'll take them a lot longer then you think to let go in their head, and it hurts every second that they try.
ယောက်ျားလေးတွေက ကောင်မလေးတွေထင်ထားတာထက် ပိုပြီးစိတ်ခံစာံးလွယ်ပါတယ်.. သူတို့ခေါင်းထဲက ချစ်ရတဲ့ကောင်မလေးကို ထုတ်ပြစ်ဖို့ဆိုတာ ထင်ထားတာထက် ပိုပြီးအချိန်ပိုကြာတတ်ပါတယ်... Second တိုင်းအမျှ ခံစားရတတ် ပါတယ်...

3) Guys go crazy over a girl's smile.
သူတို့ဟာ ကောင်မလေးတွေရဲ့ အပြုံးမှာ ရူးသွပ်သွားတတ်ပါတယ်..

4) A guy who likes you wants to be the only guy you talk to.
ချစ်ရသော မိန်းကလေးအတွက် သူတို့သာလျှင် စကားပြောဖော် ဖြစ်ချင်ကြပါတယ်..

5) If a guy tells you about his problems, he just needs someone to listen to him. You don't need to give advice.
သူတို့မှာရှိနေတဲ့ ပြသနာကိုပြောပြနေခြင်းဟာ နားထောင်ပေးစေချင်တဲ့ သဘောပါပဲ.. အကြံတောင်းနေတာ မဟုတ်ကြဘူး.. တိတ်တိတ်လေးနဲ့နားထောင်ပေးနေလိုက်ပါ.. :)

6) A usual act that proves that the guy likes you is when he teases you.
ပုံမှန်ပြောဆို စနောက်နေချင်းဟာလည်း ကောင်လေးဘယ်လောက်ချစ်ကြောင်းသက်သေ တစ်ခုပါပဲ..

7) Guys love you more than you love them !!!
ကောင်လေးချစ်တတ်တာ ကောင်မလေးထက် ပိုပါတယ်..

Guys use words like hot or cute to describe girls. They rarely use beautiful or gorgeous. If a guy uses that, he loves you or likes you a whole heck of a lot.
သူတို့ ကောင်မလေးတွေကို မိုက်တယ်. ချစ်စရာကောင်းတယ်လို့ပဲပြောတတ်ကြပါတယ်.. အဲ.. လှတယ် မဟာဆန်တယ်ဆိုရင်တော့ သူတို့ တကယ်ချစ်လို့ တကယ်ရင်ထဲက ခံစားနေရ လို့တဲ့..

9) If the guy does something stupid in front of the girl, he will think about it for the next couple days or until the next time he spends time with the girl.
ကောင်မလေးရှေ့မှာ မကောင်းတာတစ်ခု (something stupid) လုပ်ခဲ့မိတယ်ဆိုရင် သူတို့ဟာ နောက်ရက်တော်တော်ကြာကြာတဲ့ ထိ တွေးနေတတ်ပါတယ်.. မဟုတ်ရင်တော့ နောက်တစ်ကြိမ်ကောင်မလေးနဲ့ တွေ့တဲ့ချိန်ထိ တွေးနေတတ်ပါတယ်..

10) If a guy looks unusually calm and laid back, he's probably faking it and he's really thinking on something.
သူတို့ ပုံမှန်မဟုတ်ပဲ တိတ်ဆိတ်နေတယ် ဆိုရင်တော့ သူတို့စိတ်ထဲမှာတစ်ခုခုတွေးနေတာပဲဖြစ်ပါတယ်..

11) When a guy says he is going crazy about the girl, he really is. Guys rarely say that.
သူတို့ကောင်မလေးတစ်ယောက်ကြောင့်ရူးနေရပြီဆိုရင် သူတို့အမှန်တကယ်ပြောနေခြင်းသာဖြစ်ပါတယ်.. ပြောခဲတဲ့စကားလေးပါ..

12) When a guy asks you to leave him alone, he's just actually saying, "Please come and listen to me."
တစ်ယောက်တည်းနေခွင့်ပေးပါ ဆိုတာ ညာတာပါ.. ဆိုလိုရင်းကတော့ ငါပြောတာကိုလာပြီးနားထောင်ပေးပါလို့ ပြောနေခြင်းသာဖြစ်ပါတယ်..

13) If a guy starts to talk seriously, listen to him. It doesn't happen that often, so when it does, you know something's up.
သူတို့စကားကိုသေသေချာချာ ကျကျနန ပြောနေရင် ဂရုစိုက်ပေးပါ နားထောင်ပေးပါ..

14) When a guy looks at you for longer than a second, he's definitely thinking something.
တစ်second ထက် ပိုပြီးကောင်မလေးအား ကြည့်နေခဲ့ရင် သူတစ်ခုခုကိုသေချာ တွေးနေလို့ပဲဖြစ်ပါတယ်..

15) Guys really think that girls are strange and have unpredictable decisions and are MAD or confusing, but somehow are drawn even more to them.
ခန့်မှန်းရခက်တဲ့မိန်းကလေးတွေ ထူးခြားတဲ့မိန်းကလေးတွေ ရူးတူးတူးပေါချာချာ ကောင်မလေးတွေ :) အကြောင်းကိုပိုတွေးတတ်ကြပြီး သူတို့အာရုံမှာ ထိုမိန်းကလေးများက မသိဘာသာ ပိုနေရာယူနေတတ်ကြပါတယ်..

16) No guy can handle all his problems on his own; he's just too stubborn to admit it.
သူတို့တစ်ယောက်ထဲ ပြသနာအားလုံးကို မဖြေရှင်းနိုင်ပါဝူး.. သူတို့ဝန်ခံဖို့မရဲတာသာဖြစ်ပါတယ်..

17) When a guy sacrifices his sleep and helth just to talk to you, He really likes you and wants to be with you as much as possible........
ကောင်မလေးနဲ့စကားပြောခွင့်ရဖို့အတွက် သူရဲ့အိပ်စက်ခြင်း နဲ့ သူရဲ့ကျမ်းမာရေးကို ပြောပြနေခြင်းဟာ သူကောင်မလေးကို တကယ်ကြိုက်လို့ အတူရှိနေချင်တဲ့အတွက်သာပြောနေခြင်းသာ ဖြစ်ပါတယ်..

18) Even if you dumped a guy months ago and he loved you, he probably still does and if he had one wish it would be for you to come back into his life.
ကောင်မလေးလမ်းခွဲသွားတာ လတော်တော်ကြာနေပေမယ့် ဆုတောင်းတစ်ခုရရှိမယ်ဆိုရင် အဲတာဟာကောင်မလေးသူဘ၀အတွင်း ပြန်လာနိုင်ဖို့အတွက်သာဖြစ်ပါလိမ့်မယ်..